Hectopascal

Status: Ongoing

Chapter 1 ဖတ်လို့ရပါပြီ။

ဇာတ်လမ်းအကျဉ်း – PARK HAN JOON က ‘NEXUS’ လို့ခေါ်တဲ့ အထက်တန်းကျောင်းသား လူမိုက်ဂိုဏ်းကို သွားပြီး စိန်ခေါ်လိုက်တဲ့အခါ အတိုက်အခိုက် ထူးချွန်တာကြောင့် အနိုင်ရခဲ့ပေမယ့်လည်း NEXUS ဘက်မှ တရားစွဲတာခံလိုက်ရပြီး ငွေကြေးအရကော သက်သေအတုတွေကြောင့်ပါ အမှုရှူံးသွားခဲ့ပါတယ်။ လျော်ကြေးအ‌နေနဲ့လည်း သူ့အ‌ဖေရဲ့ gym ကို‌ရောင်းပြီး ပေးလိုက်ရတာကြောင့် ပိုင်ဆိုင်မှုများ ဆုံးရှူံးသွားခဲ့ရပြီး ဘဝပျက်သွားတဲ့အတွက် နောက်နောင် ဘယ်တော့မှ ရန်မဖြစ်တော့ဘူးလို့ သူ့အဖေကို ကတိပေးခဲ့ပါတယ်။ PARK HAN JOON က တနေ့မှာတော့ ‘NEXUS’ ကို ကလဲ့စားချေဖို့ ကူညီမယ်ဆိုပြီး တောင်ကိုရီးယားရဲ့ အသက်အငယ်ဆုံး စီအီးအို OH JUNWOO က ပူးပေါင်းရန် ကမ်းလှမ်းတာခံခဲ့ရပြီးတဲ့နောက်မှာ သူတို့နှစ်ယောက်အတူ NEXUS ကို ဘယ်လို ချေမှုန်းသွားမလဲ ၊ PARK HAN JOON က ဘယ်လိုကလဲ့စားချေသွားမလဲ ၊ OH JUNWOO ကရော ဘာကြောင့် ‘NEXUS’ ကို ရန်ညိုးရှိနေရတာလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာ ဖြစ်ပါတယ်….။