Laws of The Good Child

Status: Ongoing

Chapter 1 ဖတ်လို့ရပါပြီ။

ဇာတ်လမ်းအကျဉ်း – ရုရှားမှာ အခြေတည်ထားတဲ့ မရဏအိမ်တော်ဆိုတဲ့ မိဘမဲ့ဂေဟာတစ်ခုဟာ မိဘမဲ့ကလေးတွေကို ငယ်စဉ်ကတည်းက ခေါ်ယူမွေးစားထားပြီး လူသတ်နည်းတွေ၊ လက်နက်အသုံးပြုပုံတွေစတဲ့ ထူးခြားတဲ့ ပညာရေးကို သင်ကြားပေးပါတယ်။ ပြီးရင်တော့ သူတို့ဖောက်သည်တွေရဲ့ လိုအပ်ချက်နဲ့အညီ ကလေးတွေကို သူတို့ရဲ့ အထူးဖောက်သည်တွေဆီ ပြန်ရောင်းပါတယ်။ ဒီမိဘမဲ့ဂေဟာမှာဆိုရင် ကလေးတွေခေါင်းထဲကို ငယ်စဉ်က‌တည်းက ရိုက်ထည့်ပေးထားတဲ့ ဥပဒေသသုံးခုလည်း ရှိပါသေးတယ်။ ဇာတ်ကြောင်းလေးကတော့ SHION နှင့် HYUNHO ဆိုတဲ့ ကလေးနှစ်ယောက်က “မိဘ” တွေဆီ ရောင်းစားခံလိုက်ရပြီးနောက်မှာ အကြောင်းအမျိုးမျိုးကြောင့် မရဏအိမ်တော်လက်အောက်ကနေ လွတ်မြောက်သွားပြီး အဲ့အိမ်တော်လက်အောက်က ရုန်းထွက်ဖို့ ကြိုးစားကြတာကို အက်ရှင်ခန်းများများ ဇာတ်ကြောင်းကောင်းကောင်းနဲ့ စိတ်၀င်စားဖွယ် ဖတ်ရှုရမှာ ဖြစ်ပါတယ်……။